( 19 July 2009)
ဘယ်တနင်္ဂနွေမှ အပြင်မထွက်တတ်သူအတွက် ဒီတနင်္ဂနွေဟာ အမှတ်တရ။
မမလှလှအိန္ဒြာ နဲ့ တွေ့ ရသလို အစ်ကိုမိုးကုတ်သား၊ ကိုရင်နော်၊ကိုလင်းဒီပနဲ့ ကိုဇက် ( Zephyr ) တို့ နဲ့ ပါ ဆုံဖြစ်တဲ့ နေ့ ။မခင်လေးနဲ့ လည်း စတင်စကားပြော ရင်းနှီးတဲ့နေ့ ။
အိတ်ကို စစ်လိုက်တော့ ဖုန်းအခွံတွေ့ လို့  ဖုန်း ရှိတယ်ထယ်ပြီး လမ်းတစ်ဝက်ရောက်မှ ကျန်ခဲ့မှန်းသိလို့ အိမ်ကိုပြန်ပြေးပြီး ဖုန်းယူရလို့  ပင်ပန်းလွန်းတဲ့နေ့ ။ ဖုန်းတစ်လုံးဟာ တော်တော်အရေးကြီးပါလားလို့  အဲဒီနေ့ မှ စွဲစွဲထင်ထင်ဖြစ်မိတဲ့နေ လေ....
ကိုရင်နော့်အသံကို မဝေခွဲတတ်တာနဲ့  ပက်သက်ပြီး
“ဟုတ်တယ် .. ကိုရင်နော်အသံက အပြင်ကနဲ့ မတူဘူးနော် အဲဒီထဲမှာ အဘိုးကြီးသံ ”လို့  ပြောလိုက်မိတော့... ပထမဆုံး နံပါတ်တစ် အခန့် မှန်းခံရတဲ့ အစ်ကိုမိုးကုတ်သားခမျာ လူကြီးရှက်ရုံမက စိတ်ဆိုးသွားလို့ ထင်ပါရဲ့  အကြီးအကျယ်ရယ်တော့တာ။
သူများတွေလည်း တစ်ယောက်တစ်ပေါက်နဲ့  ရယ်မောထိုးနှက်ကျတာပေါ့။အဲဒီတုန်းကတော့ အသံကို ဘာမှ ထည့် မတွက်ဘဲ ရင်းနှီးသူမို့  အရင်ဆုံးရေးလိုက်မိတာပါ။ နောက်ပိုင်း စကားကို ဘယ်လို ပြန်ပြောလည်း မရတော့ဘူးပဲ။
ဒါပေမယ့် အစ်ကိုမိုးကုတ်သားက သူတပါးခံစားချက်ကို အလေးထားတတ်သူမို့  g-talk မှာ ကိုယ်ပေးတဲ့ အရုပ်ကလေးကို ဓာတ်ပုံရိုက်ကာ ညီမလေးပေးတဲ့ လက်ဆောင်ဆိုပြီး တင်ထားတယ်လေ။
ပျော်စရာ။
ဒါပေမယ့် ဒီနေ့ ဟာ နာမည်လည်း နည်းနည်းပျက်သွားတာ။
ယောက်ျားလေးတွေ စားတာက ရှမ်းထမင်းချဉ်နည်းနည်းလေး ...ဒါတောင် ကုန်အောင်မစားကြ။
ကိုယ်ကတော့ ထမင်းလည်း အကုန်စားတယ်။ကိုရင်နော်က သူ့ ဝေစုထဲက ခွဲ ထည့်ပေးတဲ့ ရှမ်းထမင်းချဉ် တစ်လုပ်စာလည်း စားလိုက်သေးတယ်... မမအိန္ဒြာရဲ့ ဟင်းတွေထဲက မှိုနဲ့  ကြက်သားချက်မှာ မှိုတွေကျန်နေလို့ လည်း ယူစားလိုက်သေးတယ်။ :P
စားနေတုန်းကတော့ ရှက်စရာလို့ မထင်ပေါင်... “ မယ် အစားကြီးတယ်နော်။ အစားကြီးတယ်လို့  ထည့်မရေးနဲ ”့ လို့  ပြောပြီးတော့ကို စားတာ။
စားလည်းပြီးရော ကိုဇက်က နောက်ဆို ဝတ္ထုထဲမှာ မောင်ရယ် ဘာညာပြောပြီး မစားနိုင် မအိပ်နိုင်ဘူးလို့ ရေးရင် မဟုတ်မှန်း သိပြီတဲ့။ :D
အဲဒီဇာတ်ကောင်ကြောင့် အနေကျုံ့ နေတာ သိသွားတော့ ကောင်းတာပေါ့နော်။ ဒါပေမယ့် စာပေမောင်နှမတွေကြားမှာ ထိန်းထားတဲ့ကြားက မရင့်မကျက်စရိုက်တွေ ပေါ်သွားတာတော့ မကောင်းဘူးဘဲ။
အစ်ကိုမိုးကုတ်သားက စာဖတ်နေတဲ့ ပုံကို ဓာတ်ပုံရိုက်ထားတယ်လေ။မဖျက်နဲ့ လို့ အားလုံးဝိုင်းပြောတဲ့ကြားက ကိုရင်နော်လည်း တားနေတဲ့ကြားက ကိုယ့်ရဲ့ ရုပ်ဆိုးဆိုးပုံကို မကြည့်ချင်လို့  ဖျက်ပစ်လိုက်မိရဲ့  ။
သိပ်ကလေးဆန်သွားပြီလို့ တွေးလိုက်မိလည်း မကြိုက်နိုင်လွန်းတော့လည်း....
ဘာပဲဖြစ်ဖြစ် ကိုယ်လေးစားတဲ့ စာရေးသူတွေနဲ့  ပထမဆုံးအကြိမ်တွေ့ ဆုံရတာ ပျော်ရွှင်ကြည်နူးစရာကောင်းလိုက်တာ။
5 comments:
ဘယ်ရမလဲကွ ဒီလို ပုန်းပြီး လာရေးနေလို့ တွေ့အောင် ရှာလိုက်တယ်...
မယ်ညီမလေးက ချစ်စရာလေးတဲ့ ခင်လေးက ပြောနေတယ်..း)
မမခင်လေးက ချစ်တဲ့မျက်စိနဲ့မို့လို့ ပြောတာပါ။
အစ်ကိုက မထင်လို့ တဆင့်ခံပြောပေးတာ သိပါတယ် ...=(
အာခေါင်ခြစ်ပြီး ငိုပြီပဲ....:P
ညီမလေး မယ်ပေါက်
သတိရလို့ လာလည်တယ်ဗျာ။
ပျော်ရွှင်ချမ်းမြေ့ပါစေ။
စာမေးပွဲကို အောင်အောင် မြင်မြင် ကျော်ဖြတ်နိုင်ပါစေ။
အမှတ်တရလေးတွေပါလား..
မယ်ရေ..အမရာလဲ..မယ်နဲ့ရော
တခြားသူတွေနဲ့ရော..ဆုံချင်လိုက်တာ..
မယ်..ကချစ်ဖို့ကောင်းတယ်...
မမယ်က ချစ်စရာ..
ပထမဆုံး တစိမ်းတွေနဲ့ တွေ့တုန်းက သူတို့တွေ စကားပြောနေတုန်း ဘာလုပ်ရမှန်းမသိတော့ စာအုပ်ထိုင်ဖတ်နေခဲ့ဖူးတယ်။ မမယ်ထက် ဂျူက ပို ဆိုးတယ် ထင်ပ။း)
Post a Comment