“တစ်ယောက်သော ကြွေးရှင်နှင့် တွေ့ ဆုံခြင်း”


ကျွန်မရဲ့  ကြွေးရှုင်တွေက ကမ္ဘာအနှံ့ ပဲ ထင်ရဲ့ ။
မအူမလည်မို့  ကိုယ်ကပဲခံရတာကို သည်းခံနိုင်စွမ်းတွေပဲ ပြည့်ဝနေသလိုလိုနဲ့  အမြဲသုံးတဲ့စကားက
“သူ့ ကြွေးရှိက ဆပ်ရလိမ့်မယ်”တဲ့။
အခုလည်း ခံရပြန်ပြီ။
အိမ်စငှားတုန်းက ဘာမှ မပြောပဲနဲ့  အခုမှ စပြောတာက ကွန်ပျူတာက ၂ နာရီပဲ သုံးရမယ်တဲ့။ထပ်သုံးမယ်ဆို ပိုက်ဆံပိုပေးပါတဲ့။
ကောင်းပြီပေါ့ ပေးလိုက်ပြီ။ဒါဟာ ပြဿနာမဟုတ်ပါလေ..အဓိက က အင်တာနက်မရှိတာ။ ကိုယ့်ဘာသာကိုယ် လိုင်းလျှောက်ဦးတဲ့...
ဒီမှာ လူကို ဘာထင်နေသလဲလို ပြောချင်မိရဲ့ ။
ကျောင်းနဲ့  နီးတဲ့နေရာမို့  ပြောင်းလာ…ရောက်လာတော့ အခန်းထဲမှာ တစ်ယောက်ပိုထည့်ထားတာ။
“သူ့ ကျွေးရှိက ဆပ်ရလိမ့်မယ်”လို့  ဆိုကာ ခါတိုင်းလို စိတ်မနွဲ့ နိုင်တော့။
အစ်မက အခုချက်ချင်းပြောင်း …သုံးရက်တွင်း အခန်းရှာပေးမယ် ပြောလေတာ။
နောက်ဆုံးတော့ “ ညီမလည်း ဘာလုပ်ရမှန်း မသိပါဘူး မရယ်…နောက်လအခန်းပြောင်းရင် ကောင်းမယ်ထင်တယ်နော်”လို့  စကားရဲဆိုရလေပြီ။
အဲဒီတော့ အနည်းဆုံး နှစ်လနေရမယ်တဲ့။
အသည်းကွဲရင် ကဗျာဆရာဖြစ်လာသတဲ့။
ခုတော့ အသက်ရှုတွေ ကျပ်ကာ ကဗျာရိပ်ကို ဘယ်လို ခိုရပါ့။
“သူ့ ကျွေးရှိက ဆပ်ရလိမ့်မယ်”တဲ့လား။
အဲဒီ အတိတ်ဆိုတာကြီးကို ပြေးတွေ့ ကာ ခေါင်းခေါက်ပစ်လိုက်ချင်။
အဲဒါမှ သူ့ ရဲ့ အသိဥာဏ်တွေ ထုံထိုင်းကာ ကျွန်မကို ကြွေးမဆပ်ခိုင်းတော့မှာ...

3 comments:

Mogok Thar said...

မယ်ကိုးရေ.. ခုနောက်ပိုင်း အိမ်ရှင် အိမ်ငှား ပြဿနာတွေက တော်တော် ဆိုးကြတယ်။ ညီမလေး ပြောသလို ကြွေးရှင် သတ်မှတ်လိုက်တာတော့ နဲနဲ စိတ်ဖြေနိုင်တာပေါ့ကွာ။ ဒါပေမဲ့ အစီး မခံနဲ့ပေါ့။ မမျှတတာဆိုရင်တော့ (ပြေလည်အောင်) ကိုယ့်ဘက်က ရပိုင်ခွင့် တောင်းပါဗျာ။ စိတ်ညစ် မခံနဲ့။

မယ့်ကိုး said...

ဟုတ်ကဲ့...

Mogok Thar said...

ညီမလေး။ မေးလ်ကို add လိုက်မယ်ဏော။ ရင်ဖွင့် ချင်လို့ ဟုတ်ဘူး။ ရင်းနှီးချင်လို့။ ဗိသုကာ မောင်နှမအပြင် ဘလော့မောင်နှမပါ ဖွဲ့လို့ ရပြီ ထင်ရဲံ့ဗျာ။

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates