Birthday Blues

Marriage blues ပဲ ကြားဖူးပြီး birthday blues လို့ ကိုယ့်ဘာသာကင်ပွန်းတပ်တယ်လို့ အထင်ရောက်နေဆဲ ထိုစကားလုံးအမှန်ပင်ရှိကြောင်း တွေ့ရလေတာ။

မွေးနေ့နားနီးလာပြီ။ အမှန်ပင် စိတ်ဓာတ်ကျနေသည်။ ဆယ်ကျော်သက်မဟုတ်တော့ပေမယ့် အိပ်မက်တွေက ဘာမှ မပီပြင်သေး။ ဒီအချိန်မှာ ဘာဖြစ်နေရမယ်လို့ စိတ်ကူးယဉ်ခဲ့တာ ဟာသဖြစ်နေပြီ။

ခုပင် သေလိုက်ချင်လည်း ကိုယ့်နောက်ပါမယ့် ကုသိုလ်က မယ်မယ်ရရမရှိသေး။ အကုသိုလ်တွေက ထောင်ချီစုမိနေပြီ။နောက်ဘဝရောက်ဖို့လည်း သိပ်မလိုတော့ဘူး ထင်သည်။

စကားကြုံလို့ ပြောရရင် အသက်လမ်းကြောင်းက တိုတိုလေးပဲ ရှိလေသည်။ ငယ်ငယ်ကတော့ ဒီအရွယ်သေမယ် မှန်းဆသည်။ ခုချိန်တော့ နောက်ဆယ်နှစ်လောက်တော့ မျှော်လင့်ပြန်သည်။ ငယ်ငယ်က အမေ့ကို ဟောသည့် ဗေဒင်ဆရာစကားကိုလည်း ယုံနေပြန်သည်။

ဒီလို သေအကြောင်းပဲ ရင်ထဲစွဲလို့ တရားရသလားဆိုတော့ မဟုတ်ပြန်... အိုမှာတော့ အလွန်စိုးလေရဲ့။

ရယ်လိုက်ရင် ညာမျက်လုံးထောင့်စွန်းမှာ စပါးလုံးတစ်ထောက်စာ အရေးအကြောင်းလေး ပေါ်လာတာကို သေမလောက်စိုးကြောက်သည်။ ဘယ်ဘယ်မျက်လုံးမှာ ဘယ်တော့ပေါ်လာမလဲ ကြည့်ရသည်က စိတ္တဇ။ ဒီလိုအရေးအကြောင်း မပေါ်လို့ ရုပ်က နုငယ်နေသလားဆိုတော့ မဟုတ်ပြန်။ ရင့်ရော်အိုစာသည်မှာ အလွန်အမင်း။

တကယ်တော့ မွေးနေ့နီးလို့ ဖြစ်သည့် စိတ်ဆင်းရဲက သေမှာကြောက်လို့ မဟုတ်ဘဲ အိုလာတာကို လက်မခံချင်တာသာ။ ခက်တယ်။ ဒါနှင့်ပင် သေတော့မှာ။ သေနယ်ထဲ ခြေတစ်လှမ်းရွေ့နေတာ ဒါပေမယ့် ခုထိ ရူးချင်ယောင် ဆောင်နေတုန်းပဲ ရှိသေးရဲ့။

7 comments:

လင်းဒီပ said...

တရားလေး ရှု့မှတ်နေပေါ့ ဒေါ်မယ်ကိုးရယ် :)

လသာည said...

မယ်ကိုး.. မွေးနေ့ရောက်ဖို့ ၁၈ ရက်တောင် လိုသေးတယ်လေ...။ နာရီနဲ့ တွက်ရင် အများကြီးလိုသေးတယ်။

သေစကားတွေ မပြောနဲ့။ အစ်မ သရဲကြောက်တယ်ဆို..။

ချစ်လို့နောက်တာပါ။ ကျန်းမာရေး ဂရုစိုက်း)))

မယ့်ကိုး said...

ဟုတ်ကဲ့ လေးလေး
ဟုတ်ကဲ့ ချစ်မလေး :)

ချော(အစိမ်းရောင်လွင်ပြင်) said...

မဖြစ်သေးတာကို ကြိုပြီး စိတ်ဆင်းရဲမနေပါနဲ့ ညီမလေးရယ်။
ကြိုစိတ်ဆင်းရဲတာမျိုးက လူကိုပိုပြီး ရင့်ရော်စေတယ်.
ပျော်ပျော်နေတာက စိတ်ပျိုကိုယ်နုတဲ့။
စိတ်ရောကိုယ်ပါနုပျိုလန်းဆန်းနိုင်ပါစေ။
မွေးနေ့ရောက်မှ မွေးနေ့ဆုတောင်းလာပေးပါဦးမယ်နော်။

မယ့်ကိုး said...

ဟုတ်ကဲ့ မမချေား)

Anonymous said...

{{{ ခုပင် သေလိုက်ချင်လည်း ကိုယ့်နောက်ပါမယ့် ကုသိုလ်က မယ်မယ်ရရမရှိသေး။ အကုသိုလ်တွေက ထောင်ချီစုမိနေပြီ။နောက်ဘဝရောက်ဖို့လည်း သိပ်မလိုတော့ဘူး ထင်သည်။}}} အဲဒီလို ခဏခဏတွေးနေမိတယ် ခုတလော..။ပိုဆိုးနေတာက စာကျက်မယ်လုပ်လိုက်တိုင်း သေရင် ဒီစာတွေ အလကားဖြစ်ကုန်မှာပါလေ ဆိုပြီး မကျက်ချင်တော့ဘူး။ :P :P

မွေးနေ့ရက်မှာ ချစ်တဲ့သူတွေနဲ့ အတူတူပျော်ပျော်ရွှင်ရွှင်ရှိနေနိုင်ပါစေ။သူတို့ကိုမုန့်တွေ အများကြီး ၀ယ်ကျွေးနိုင်ပါစေ။......... ပါစေ^ infinity..

^_*

LB said...

ကိုလင်းဒီပလို့ တရားတော့မမှတ်ခိုင်းဘူး
အချိန်တိုတိုလေး စိတ်ညစ်မနေနဲ့ ညစ်တာတွေလစ်ထား
ပျော်အောင်နေလို့ပဲ တိုက်တွန်းမယ် ... :P

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates