ပြောင်းလဲချိန်

သေချာသည်မှာ မလွမ်းတော့တာ ဖြစ်သည်။ မေ့သွားသည်တော့ မဟုတ်ပါ။ သတိတရရှိလှပါသည်။ အဆုံးမှာတော့ အချစ်သည် ပျက်စီးခြင်းသို့ ရောက်သွားပြီထင်သည်။ 
သဲနာရီနဲ့ ဥပမာပေးနိုင်သည်။ ကွဲအက်နေသော နှလုံးသားမှ အမှုန်အစများများ တစ်စစကျဆင်းလာပြီး အဆုံးမှာ နှလုံးသားမဲ့သွားတာ ဖြစ်မည်။  ဘာပဲဖြစ်ဖြစ် အသည်းမကွဲတော့ခြင်းမှာ  ပျော်ရွှင်ဖွယ် မဟုတ်ပါလား။ ဒါပေမယ့် ရင်ထဲမှာတော့ ဟောင်းလောင်းပေါက်လို ဖြစ်လို့နေလေသည်။ 
အချစ်မရှိတော့ရင် လောကကြီး မလှတော့ဘူးဆိုလား။ မဟုတ်ပါ။ အရင်လို လှမြဲဖြစ်ပါတယ်။ ကောင်းကင်မှာ အပြာရောင်ကြည်လင်နေသည်။ တိမ်များက ဖြူလဲ့တောက်ပနေသည်။ ပျော်ရွှင်စရာ မဟုတ်ပါလား။ သို့သော် ငေးငိုင်ကာ ရပ်နေမြဲဖြစ်သည်။

ဖြစ်ရပ်မှန်မဟုတ်ဘူး



ရောဂါနဲ့လူတွေက အသည်းခြောက်ပြီး မကြာခင်သေကြတာ။ အသည်းကွဲရင်ရော....။ အသက်ရှည်ခြင်းဟာ ဘယ်လောက်တာရှည်ခံမှာလဲ။ အိပ်ရာထဲ ဘုံးဘုံးလဲမှ ဝေဒနာကို အဖြေရှာကြည့်တော့ အစိတ်စိတ်အမွှာ၊ အပိုင်းပိုင်းအပဲ့ပဲ့ဖြစ်နေသော အသည်းများကို ဓာတ်မှန်ပြားပေါ်မှာ မြင်နေရ။ တစ်ချို့မှာ အမှုန်အစအဖြစ် အသားကိုပင် လွင့်စင်ပေါက်ကွဲထွက်လာကြ။ 

မုန်းတယ်။ မသေသေးဘူးပဲ။ ချစ်လို့ရယ် မကုန်။ အသည်းသရုပ်ဟန် မပေါ်အောင် ကြေကွဲပဲ့ကြွေနေသော အသည်းလေးကို သနားနေမိ။ လွမ်းလိုက်တာ။ ရူးရူးမိုက်မိုက် အသည်းလေးတစ်စက မြေပေါ်လျှောက်သွားနေတယ်။ မိုးတွေကလည်းရွာနေရာ ချမ်းအေးစိုစွတ်ကာ ဖျားနာတော့မှာ။ ဆူးတွေငြိကာ ထပ်မံနာကျင်တော့မှာ ။သနားပါတယ်။

မာရေကျောရေမျက်နှာပေးကျန်ခဲ့တဲ့ အသည်းလေးတစ်ပဲ့က နှာစေးချောင်းဆိုးနဲ့ နေမကောင်းဖြစ်ပြန်ပြီ။ စိတ်မကောင်းလိုက်တာ။ ငပေငတေအသည်းလေးတစ်ခုကတော့ မီးပုံထဲ ကျသွားတာ။ အံ့သြစရာ ပြာဖြစ်မသွားဘူးပဲ။ သံမီးခဲလို တရဲရဲတောက်ပနေရင်း  တဟားဟားရယ်နေရာ။  ဘယ်လိုပါလိမ့်။ မျက်ရည်တလည်လည်ကြည့်နေသူမှာ ရှိုက်ကြီးတငင်ငိုမိပြန်တာ။ 

ဒူပေဒံပေခံနိုင်တယ် ထင်ရတဲ့ အသည်းလေးတစ်ပိုင်းမှာ ဆူးကိုင်းနဲ့ ထိပြီး လဲပြိုနာကျင်သွား နှလုံးသွေးစက်စက်နဲ့ ခြေမလှမ်းနိုင်တော့...။  ဒါပေမယ့် ခရီးစဉ်မဆုံးသေးဘူးဆိုပဲ။

နှစ်ကူးည


နှစ်ကူးညကတော့ မယ်ကိုးနဲ့ Mr Bean အဖြစ်မှာ ခပ်ဆင်ဆင်သာဖြစ်ပါတယ်။ သူ့ထက်ပင်သာနိုင်သေးတာ အိမ်ပြောင်းလိုက်ရတာ။

ပစ္စည်းတွေနေရာချအပြီး ဒီလိုနဲ့ တစ်ယောက်တည်းအခန်းမှာ အရုပ်နဲ့ အိပ်ပျော်သွားတော့ နှစ်ကူးသွားမှန်းပင် မသိလိုက်။ new year messages တွေ ရောက်လာမှ ဝမ်းနည်းဝမ်းသာဖြစ်ရ။

(အိမ်ကူးပြောင်းပေးသော အစ်မ၊ သူငယ်ချင်းနှင့် ကိုဇက်ကို အထူးကျေးဇူးတင်ပါတယ်။)


Birthday Blues

Marriage blues ပဲ ကြားဖူးပြီး birthday blues လို့ ကိုယ့်ဘာသာကင်ပွန်းတပ်တယ်လို့ အထင်ရောက်နေဆဲ ထိုစကားလုံးအမှန်ပင်ရှိကြောင်း တွေ့ရလေတာ။

မွေးနေ့နားနီးလာပြီ။ အမှန်ပင် စိတ်ဓာတ်ကျနေသည်။ ဆယ်ကျော်သက်မဟုတ်တော့ပေမယ့် အိပ်မက်တွေက ဘာမှ မပီပြင်သေး။ ဒီအချိန်မှာ ဘာဖြစ်နေရမယ်လို့ စိတ်ကူးယဉ်ခဲ့တာ ဟာသဖြစ်နေပြီ။

ခုပင် သေလိုက်ချင်လည်း ကိုယ့်နောက်ပါမယ့် ကုသိုလ်က မယ်မယ်ရရမရှိသေး။ အကုသိုလ်တွေက ထောင်ချီစုမိနေပြီ။နောက်ဘဝရောက်ဖို့လည်း သိပ်မလိုတော့ဘူး ထင်သည်။

စကားကြုံလို့ ပြောရရင် အသက်လမ်းကြောင်းက တိုတိုလေးပဲ ရှိလေသည်။ ငယ်ငယ်ကတော့ ဒီအရွယ်သေမယ် မှန်းဆသည်။ ခုချိန်တော့ နောက်ဆယ်နှစ်လောက်တော့ မျှော်လင့်ပြန်သည်။ ငယ်ငယ်က အမေ့ကို ဟောသည့် ဗေဒင်ဆရာစကားကိုလည်း ယုံနေပြန်သည်။

ဒီလို သေအကြောင်းပဲ ရင်ထဲစွဲလို့ တရားရသလားဆိုတော့ မဟုတ်ပြန်... အိုမှာတော့ အလွန်စိုးလေရဲ့။

ရယ်လိုက်ရင် ညာမျက်လုံးထောင့်စွန်းမှာ စပါးလုံးတစ်ထောက်စာ အရေးအကြောင်းလေး ပေါ်လာတာကို သေမလောက်စိုးကြောက်သည်။ ဘယ်ဘယ်မျက်လုံးမှာ ဘယ်တော့ပေါ်လာမလဲ ကြည့်ရသည်က စိတ္တဇ။ ဒီလိုအရေးအကြောင်း မပေါ်လို့ ရုပ်က နုငယ်နေသလားဆိုတော့ မဟုတ်ပြန်။ ရင့်ရော်အိုစာသည်မှာ အလွန်အမင်း။

တကယ်တော့ မွေးနေ့နီးလို့ ဖြစ်သည့် စိတ်ဆင်းရဲက သေမှာကြောက်လို့ မဟုတ်ဘဲ အိုလာတာကို လက်မခံချင်တာသာ။ ခက်တယ်။ ဒါနှင့်ပင် သေတော့မှာ။ သေနယ်ထဲ ခြေတစ်လှမ်းရွေ့နေတာ ဒါပေမယ့် ခုထိ ရူးချင်ယောင် ဆောင်နေတုန်းပဲ ရှိသေးရဲ့။

ပိန်ချင်တဲ့ ရောဂါ


မိန်းကလေးတွေရဲ့ အပျော်ဆုံးအချိန်က ကိုယ့်ထက်ဝသူကို မြင်တဲ့အချိန်ပဲ ဆိုတဲ့ ဟာသကို မိန်းကလေးတွေပဲ ခံစားရယ်မောတတ်မှာပါ။

အရပ်နဲ့ အလေးချိန်ကို အချိုးချတဲ့အခါ normal weight ထဲမှာပဲ ရှိပေမယ့် ဝတယ် ပြည့်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ တစ်ချို့က မဝပါဘူးလို့ နှစ်သိမ့်ကြပေမယ့် အစာအိမ်ရောဂါနဲ့ ပိန်တာ ဘယ်ဟာရွေးမလဲလို့ မေးစရာမလိုအောင် အလွန့်အလွန်ပိန်ချင်တဲ့ ရောဂါစွဲနေတာ ကြာပြီလေ။

Detox ဆိုတဲ့ detoxification ဟာ စုမိနေတဲ့ မလိုလားအပ်တဲ့ အဆိပ်အတောက်တွေကို သန့်စင်ရှင်းလင်းပေးသလို အကောင်းဆုံးအဆီချနည်းလို့ ထင်မိပါတယ်။ မြန်မာလို ရေးထားတဲ့ Detox အကြောင်းကို (http://ourhealthcorner.blogspot.com/2010/06/detox.html) http://ourhealthcorner.blogspot.com/ မှာ ဖတ်မိတော့ ပိုလို့ စမ်းကြည့်ချင်သွားတာ။

ဒါနဲ့ အင်တာနက်မှာ 3 days, 7 days, 2 weeks, 1 month
Detox diet တွေကို ရှာလိုက်တာ စာမျက်နှာ သုံးဆယ်လောက် ခေါင်းကို မူးနောက်သွားလို့ နောက်ဆုံးတော့ အမြန်ဆုံးစမ်းသပ်ဖို့အတွက် သုံးရက်နည်းကို ပဲ ရွေးလိုက်ပြီ။

နောက်ရက်ရှည်ဝင်ဖို့တော့ အစီအစဉ်ရှိသား။ ဇယားလေးက ရှင်းရှင်းလင်းလင်းနဲ့ အာဟာရတွေကို ရှာကြည့်တော့လည်း သဘောတွေ့မိရဲ့။ စမ်းကြည့်ဦးမယ်ကွယ် =)

( http://www.the-detox-diet.com/article/3-day-detox-diet.htm)


3 Day Detox Diet Sample Eating Plan
3 day detox diet - day 1:
On Rising
glass of water, cup of dandelion tea.
Breakfast
apple, live yoghurt.
Snacks
pumpkin seeds.
Lunch
vegetable soup made by peeling and chopping a mix of carrot, parsley, leek, tomato, onion, and garlic, plus herbs of choice, and cooking with water or home-made vegetables stock (no salt) to cover until tender then blending until smooth.
Snack
orange, sunflower seeds, aloe vera juice.
Evening
red pepper, cucumber and herbs (e.g. chives, parsley, dill, tarragon), salad with olive oil dressing and a small portion of organic poached salmon.
3 day detox diet - day 2
On Rising
water with fresh lemon juice.
Breakfast
blueberries and live yoghurt.
Snacks
walnuts.
Lunch
fresh fruit salad with sunflower seed and tahini paste.
Snack
apple, cup of dandelion and burdock tea.
Evening
vegetable soup as Day 1.
3 day detox diet - Day 3
On Rising
freshly squeezed fruit juice or a fruit smoothie.
Breakfast
fresh fruit salad with sunflower seeds.
Snacks
almonds.
Lunch
tomato, cucumber and herb salad with a small piece of grilled fresh tuna, or some live yoghurt for dessert of some fresh nuts with your salad.
Snack
apple, cup of green tea.
Evening
large mixed leaf salad with olive oil and balsamic vinegar dressing and live yoghurt.


တစ်ခါက ပုံပြင်



credits: jhelie1

( လာလည်တဲ့အခါ ဘာစာမှ မရေးနိုင်တာ အားနာလို့ သီချင်းလေး တင်ထားတာပါနော် ... သည်းခံပေးပါ လူကလေးနဲ့ ညီမလေးငုဇာ :P )

“ ငါးပုံပြင်”



သံသရာတစ်ကွေ့မှာ ကလေးလေးနဲ့ ငါးဟာ မရည်ရွယ်ဘဲ ကြုံဆုံမိကြတာ။ ကစားစရာအသစ်ရသွားတဲ့ ကလေးလေးဟာ အထပ်ထပ်တေးဆိုပြီး ငါးကို မှန်အိမ်ထဲထည့်တယ်။ ငါးကလေးဟာ ဒီသီချင်းဟာ သူ့အတွက်သာ ရည်စူးဆိုတာလို့ ထင်နေသတဲ့။ ကလေးလေးက စကားလာပြောတိုင်း သူ့ကို အရေးတယူရှိရှာတယ်လို့ ကြည်နူးရှာတယ်။ ချောင်ထဲက ငါးမို့ ဝန်းကျင်မှာ ငါးလှလှလေးတွေ အလှမွေးထားမှန်းလည်း မသိရှာပါဘူး။

ဒီရယ်စရာဇာတ်လမ်းဟာ ကလေးလေးက ငါးကို စွန့်အပြီးမှာ ဖြစ်ရပ်မှန်ကြေကွဲခြင်းနဲ့ ထိပ်တိုက်တိုးပြီလေ။ ကလေးလေးက ပြောသေးတယ်။ “ မင်းကို လွတ်လပ်ခွင့်ပေးလိုက်ပြီ။ ပျော်သလိုနေပေတော့ ... ” တဲ့။ ငါးမှာ နားမရှိပါဘူး။ ဒါပေမယ့် သူကြားခဲ့တယ်။ပြီးတော့ သူမယုံဘူးတဲ့လေ။
သူ ကို မစွန့်ပါနဲ့ ... လို့သွေးရူးသွေးတန်းတောင်းပန်ရှာတယ်။

ချောင်လေးထဲမှာပဲ အေးအေးဆေးဆေးသူနေပါ့မယ်။ကလေးလေး တစ်ခြားငါးတွေကို ကြည်နူးခွန်းဆိုနေချိန်မှာလည်း ငြိမ်ငြိမ်လေးမလှုပ်ရှားပါဘူးလို့ အခွန်းထပ်ဆိုပေမယ့် ကလေးလေးက ငြီးငွေ့သွားပြီ။ မမြင်ချင်တော့ဘူးတဲ့လေ။

ဒီလိုနဲ့ ရင်ကွဲနာကျသွားတဲ့ ငါးဟာ အသေလို မြစ်ထဲမျောတယ်။ အလွမ်းဒဏ်နဲ့ မလှုပ်မရှက် ရိုရိုသေသေဆုတောင်းတယ်။ ကလေးလေးကို မြင်ရနိုး သေဘေးကို မကြောက်ဘဲ မြစ်ဦးမှာ တိတ်တိတ်လေး စောင့်တယ်။ ဒါပေမယ့် ပျော်စရာတွေ များပိုင်တဲ့ ကလေးလေးဟာ မြစ်ကမ်းကို ခြေဦးမလှည့်တော့ဘူးရယ်။

နောက်ဆုံးမှာ ပြင်းဟုန်ရှနေတဲ့အပူကို ပျောက်လိမ့်နိုးနဲ့ ငါးဟာ မြစ်ဖျားပေါ်တက်လာတယ်။ ကြောက်ရွံတတ်လွန်းပေမယ့် ကလေးလေးအရိပ်ကို မြင်ချင်ဇောနဲ့ သေလုအောင် နာလိမ့်မယ်ဆိုတာ သိလည်း မကြောက်မရွံအမြင့်ကြီးပျံတက်လို့ ကုန်းပေါ်ရောက်ဖို့ ကြိုးစားပြီလေ။

ပထမ သူ့အရေပြားတွေ ပွန်းပေါက်ပဲတယ်။ နားလွန်းလို့ တစ်ဆတ်ဆတ်တုန်နေတဲ့ ငါးဟာ မြစ်ထဲ ပြန်ပြုတ်ကျသွားတယ်။ဒါပေမယ့် ကလေးလေးအရိပ်ကြောင့် နောက်တစ်ခေါက်ကြိုးစားမိပြန်တဲ့အခါ သူ့အသားတွေ ပြတ်ကွဲရှကုန်တယ်။ ဒီလိုနဲ့ မေ့မျောရင်း ရေထဲ ပြန်ရောက်သွားပြန်တာ။

ဟုတ်ပါတယ်။ မယုံနိုင်ဖွယ်ပါ။ ကလေးလေးအပြုံးကလွဲလို့ ကျန်တဲ့အရာကို အမှတ်မရှိတဲ့ ငါးရယ်လေ။ နိဂုံးမှာတော့ သူ့အရိုးတွေ ကြေကာ သွေးတွေ အန်ထွက်တယ်။ ကလေးလေး အရိပ်ကိုလည်း မမြင်ရလိုက်ပါဘဲ သေငင်ဇောမှာ ဘာဆုမှလည်း မတောင်းနိုင်ခင် အသက်ပျောက်ရှာလေတာ။

လူတွေကြားတော့ ရယ်ကြတယ်လေ။ ကလေးလေးကလည်း ဘေးလူတွေရယ်သလို လိုက်ရယ်တယ်။ ပြီးတော့ “ဒီလောက်ဥာဏ်နည်းလှတဲ့ ငါး သေတာတောင် နည်းသေး ” ဆိုပဲ။ နှလုံးသားပဲ ရှိတဲ့ငါးပါ လို့ ချေပပေးမယ့်သူ မရှိဘူး။ ငါးမှာ ကလေးလေး တစ်ဦးတည်းသာ တွယ်တာခဲ့တာပါ ဆိုကာ ထုချေလွှာ တင်ပေးသူ မရှိဘူး။

ဒီလိုနဲ့ လျှောက်လဲချက် မပေးနိုင်ဘဲ မျက်လုံးပွင့်လျက် သေနေတဲ့ငါးကို ဝမ်းသာအားရ ရင်ခွဲကြလေရဲ့။

အဲဒီမှာ ငါးရဲ့ရင်ထဲက ရွှေရောင်ဝင်းလက်နေတဲ့ အရာလေးကို တွေ့ရှိသွားခဲ့တာ။

အမြုတေဆိုပဲ။
အလုအယက်ယူကြ။လုယက်ကြ။
နောက်ဆုံးမှာ သူတို့ဟာ အမြုတေစစ်မစစ် စမ်းသပ်ကြတယ်။

အမြုတေလေးကို ဓားနဲ့ခုတ်တယ်။ မလွဲပါဘူး။နာလွန်းလို့ အမြုလေးက ကလေးလေးကို တပြီး ကြူကြူပါအောင် အော်ရှာတယ်။သေနတ်နဲ့ပစ်တယ်။ ဗဟိုမှတ်ကို တည့်တည့်ထိပါတယ်။ အမြုတေလေးကတော့ ပဲ့မထွက်သွားပါဘူး။ကြေကွဲလွန်းလို့သာ ကလေးလေး ရေလို့ ခြောက်ခြောက်ခြားခြား ညည်းရှာတယ်။

ဒါပေမယ့် အမြုတေမဟုတ်မှန်း သိသွားလည်း လူတွေက လွှင့်မပစ်ပါကြဘူး။ အံ့သြလွန်းလို့တဲ့။ ဓားခုတ်ရာ တစ်ချက်ခံရတိုင်း ဒီကျောက်ခဲလေးကထွက်လာတဲ့ အသံကို ထူးထူးဆန်းဆန်းကြားချင်လွန်းလို့ အခါခါထိုးခုတ်ကြရင်း ကြာလာတော့ ပျင်းစရာကောင်းလှတယ်ဆိုကာ အမြုတေလေးကို ပြတိုက်ဆီ ပို့လိုက်ကြတယ်။

ယနေ့ထက်တိုင်လေ ။ လာသမျှဧည့်သည်တွေဟာ အမြုတေလေးရဲ့ အသံကို ကြားချင်လွန်းလို့တဲ့ ... ကြာပွတ်တံနဲ့ ရိုက်နှက်နေကြဆဲ။
တကယ်တော့ အမြုတေလေးရဲ့ “ကလေးလေး ... ကလေးလေး ... ” လို့ တမ်းတခေါ်သံကို အဆန်းတကြယ် မရှိသင့်ပါဘူး။
ဒီအမြုတေလေးဟာ မငိုတတ်တဲ့ ငါးတစ်ကောင်ရဲ့ သိုသိုဝှက်ဝှက် မျက်ရည်တွေနဲ့ ဖွဲ့တည်ခဲ့တာရယ်။


( လူကလေး tag တဲ့ ပုံပြင်လေးကို လူကလေးနဲ့ ညီမလေး nguzar ကို ပြောပြတာပါ။ ပုံပြင်လေးကတော့ ဒီမျှပါပဲကွယ် ...)

“ ဆေးလွင့်ပုံရိပ်”



ဘယ်လိုမှ
မယုံကြည်နိုင်အောင် မျှော်လင့်မထားဘဲ တွေ့ရှိခဲ့ကာ ပြန်တမ်းတတိုင်း ကြည်နူးမဆုံးဖြစ်စေခဲ့တဲ့ ဓာတ်ပုံလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ပထမဆုံးမိတ်ဆက်ပေးချင်သူက “ ဖေဖေ”လို့ ကျွန်မ တစ်ခါမှ မခေါ်ဘူးတဲ့ အမျိုးသားပဲ ဖြစ်ပါတယ်။
ကျွန်မ အမေနဲ့ ဆွေးမျိုးများက ရုပ်ဆိုးအကျည်းတန်လှတယ်လို့ ပြောကြတဲ့ ဖေဖေဟာ ကျွန်မအမြင်မှာ ခန့်ထည်ကြည့်ကောင်း နေပါတယ်။ ချစ်သောမျက်စိနဲ့လို့ ညွှန်းကြမယ်ဆိုရင် ဖေဖေ့ကို ချစ်လားဆိုတဲ့ ခံစားမှုဟာ ကျွန်မ မခွဲဖြာနိုင်တဲ့ ပုစ္ဆာဖြစ်ပါတယ်။

“ သမီးအဖေအကြောင်း မပြောချင်ဘူး”
“သမီးဘဝမှာ အဖေမလိုဘူး ။ အမေတစ်ယောက်တည်းနဲ့ ပြည့်ပြည့်စုံစုံထားနိုင်တယ်” ဆိုတဲ့ စကားလုံးတွေနဲ့ ပုံသွင်းခံခဲ့ရသူပါ။
ကိုယ့်ထက်ပညာတတ် ထက်မြက်တဲ့မိန်းမကြောင့် အဖေရဲ့ မာနကို ထိခိုက်ခဲ့လေသလား။ မနာလိုသွေးဆိုးကြတဲ့မိန်းမဖက်က ဆွေမျိုးတွေကို မကြည်ဖြူနိုင်ခြင်းဟာ အဖေရဲ့ရွေးချယ်မှုလား။

လူတကာတွေ ဘယ်လိုသွေးထိုးလည်း အဖေ့ကို ကြည်ညိုမပျက်ဖို့ သမီးအတတ်နိုင်ဆုံးကြိုးစားပါတယ်။

ဒါပေမယ့် သမီးကို အဖေဘာလို့ တစ်ခါလေးပင် လာမတွေ့ရတာလဲ။

ဓာတ်ပုံကိုကြည့်မိတိုင်း ရင်ထဲမှာ စူးလာကာ မျက်ရည်ရစ်ဝိုင်းလာ။ဒါပေမယ့် ကျွန်မ ကြည်နူးတယ်။ မေမေ့ကို ဖေဖေနဲ့ တွဲဖက်မြင်ရတယ်။မေမေကလည်း ပုံထဲမှာ ပြုံးနေတယ်။

မွေးကင်းစရက်ပိုင်းလေးမှာတင် ကျွန်မကို တနယ်တကျေးက အဘွားလက်ထဲအပ်ကာ အဒေါ်တွေလက်မှာ ကြီးပြင်းခဲ့ရသူကျွန်မအတွက် အမေဆိုတာလည်း ဖမ်းဆုပ်ရခက်ခဲတဲ့ ပုံရိပ်သာ ဖြစ်ပါတယ်။
“ သမီးကို မလေးမွေးထားတာ မဟုတ်ဘူး။ အန်တီကမှ အမေအရင်း” ဆိုတဲ့ အဒေါ်တစ်ယောက်ရဲ့ စနောက်စကားကို သိသိကြီးနဲ့ ယုံဖို့ ကြိုးစားဖူးသလို သူက ငါ့အမေရင်း မဟုတ်ဘူး ငါ့မိဘရင်းတွေက တစ်နေ့ပြန်လာခေါ်မှာလို့ အဖြစ်မှန်ကို လှည့်စားကာ စိတ်ကူးယဉ်ခဲ့ဖူးပါတယ်။

“ သမီးတို့ ပညာရေးအတွက်” ဆိုတဲ့ အကြောင်းပြချက်နဲ့ တာဝန်ကျရာဒေသတွေမှာ နေထိုင်ပြီး တစ်နှစ်ကို တစ်ကြိမ်သာတွေ့ဖြစ်တဲ့ မေမေ့ပုံလေးကိုကြည့်ကာ အမြဲခေါ်ဝေါ်ချင်လွန်းလှတဲ့ နာမ်စား မေမေလို့ရင်ထဲက တိုးတိတ်ရွတ်ဦးမယ်။
ပြီးတော့ အမေ့ကို အဒေါ်တွေခေါ်သလို မလေးလို့ ခေါ်ဝေါ်ကာ “မလေး သမီးကို ချစ်လား”လို့ ဘယ်တော့မှ ဖွင့်မဆိုဖြစ်တဲ့စကားကို ဓာတ်ပုံလေးကြည့်ကာ မေးမိဦးမယ်။

ဒီလိုဒဏ်ရာတွေ အနည်းငယ်ပြေလျော့လာရင်တော့ ဖေဖေ့လက်ပေါ်မှ ချစ်စဖွယ်ကောင်းလွန်းလှတဲ့ ကလေးမလေးကို ကြည်နူးစွာ ကြည့်မိဦးမယ်။
ပညာတတ်မိန်းမနဲ့ ပစ္စည်းရှိရွက်ကြမ်းရေကျိုဘွဲ့ရ ယောက်ျားတစ်ယောက်ရဲ့ မြေစာပင်တစ်ခုထဲက လှပသန်းစွမ်းတဲ့ ပန်းကလေးတစ်ပွင့်ဟာ ကျွန်မရဲ့ အစ်မ ဖြစ်ပါတယ်။
ရင်ထဲက ခံစားချက်တွေကို သိုဝှက်ထားတတ်ကာ ကျွန်မထက်ခံနိုင်ရည်ကောင်းသလို ကုသိုလ်ကံလည်း ပိုကောင်းသူ အစ်မဟာ ဖေဖေ့လက်ပေါ်မှာ ပြုံးရွှင်လို့နေပါတယ်။

သက်နှောင်းစနေဖြစ်နေပေမယ့် စနေဂြိုဟ်မွှေတာ။ကျွန်မကြောင့် အိမ်ထောင်ရေးပြိုကွဲရတာဆိုတဲ့ ခဏခဏရေရွတ်ခံပြီး ကြီးပြင်းခဲ့ရသူကျွန်မကလည်း ဓာတ်ပုံလေးထဲမှာ ပကတိပြုံးရယ်နေတာကြောင့် ဒီဓာတ်ပုံလေးကြည့်တိုင်း ကျွန်မမှာ အလိုအလျှောက်ပြုံးမိတာ။ ဒါပေမယ့် ကျွန်မရဲ့ ပျော်ရွှင်မှုတွေဟာ ဘယ်တော့မှ သက်ဆိုးမရှည်တာ အစဉ်အလာဖြစ်ပါတယ်။

“ ဒီဓာတ်ပုံ ဘယ်က ရတာလဲ ” ဆိုကာ အဒေါ်ငယ်က ပြန်သိမ်းသွားတဲ့အခါ သူဖြဲဆုပ်ပစ်လိုက်ပြီလား။ ဖျောက်ဖျက်ပစ်လိုက်ပြီလား လို့ပင် ကျွန်မ မမေးတော့ပါဘူး။ မသိချင်တော့ပါဘူး။
ဝမ်းနည်းနာကျင်မှုမြောက်များစွာထဲက အသေးငယ်ဆုံး အစိတ်အပိုင်းလေးသာမို့ ဒီဓာတ်ပုံအကြာင်းလေးကို မေ့မေ့ပျောက်ပျောက် ဖြစ်လို့ပင် နေခဲ့ပါပြီ။ …။


(လူကလေး tag လို့ ရေးဖြစ်တဲ့ ငယ်ဘဝတစ်စိတ်တစ်ဒေသလေးပါ။ စာလေးမကောင်းခဲ့ရင် သည်းခံပေးပါဦးလို့။ )


“ ပြစ်မှု”


ထက်ပိုင်းကျိုးအိပ်မက်တွေနဲ့ လူပါ။


ဘယ်လိုလဲကွယ်။
အနက်ရောင် မျက်လွှာမဆောင်ထားခဲ့လည်း
ရှုထောင့်လွဲမိတဲ့အခါ
စည်းမျဉ်းနဲ့လှမ်းရိုက်ပြန်....

ရောင်ခြည်တော်စက်ဝန်းထဲ ခိုလှုံခွင့်မရသူပါ။
သပွတ်အူတိမ်တိုက်မှာ
အတင့်အတယ် မနေတတ်တဲ့အခါ
ဖမ်းဆုပ်နည်းလေး သင်တန်းပေးမယ်တဲ့လား။

ဟင့်အင်း။

ဖြတ်သွားဖြတ်လာ
စာနာမှုလေး
လက်ဖြန့်မတောင်းနိုင်လို့
ရင်ထဲကိုပဲ မီးထပ်ရှို့ပါရစေ။

အထုံရေစက်ဆိုတာ အနတ္တသဘောပဲမို့
လက်လွှတ်ထွက်ပြေးတဲ့
ကံကိုလည်း မစောင့်တော့ဘူးရယ်။

ဒီလိုနဲ့ ကျွန်မ ဒီမှာရပ်နေပါတယ်။
အသေတစ်ဝက်နဲ့။
ကောင်းကင်အကျိုးနဲ့။ ....။



ကိုအယ်ကို tag လို့ ဘဝအကြောင်းရေးဖြစ်သွားတဲ့အတွက် ကျေးဇူးအထူးပါ။ အားပေးခဲ့ ချစ်မလေးလသာညနဲ့ ညီမလေး nguzar ကြောင့် စာလေးတွေဆက်ရေးဖြစ်သွားတဲ့အတွက်လည်း ကျေးဇူးအထူး =)

“လူမုန်းများတဲ့ဇာတ်ကောင်”




“နည်းနည်းလေးဖြစ်ဖြစ် ယုံစေချင်တယ်”

ဒီစကားကို သူဘာလို့ ပြောပါလိမ့်။ကျွန်မ နားမလည်ပါ။မျက်လှည့်ကို အစစ်အမှန်လို့ ယုံကြည်ရလောက်အောင် ကျွန်မ နုံအလွန်းရဲ့လို့ သတ်မှတ်ခဲ့လေသလား။
ဒါပေမယ့် ဒီတစ်ခါလဲ သူတွက်ဆမှု မလွဲပြန်ပါဘူး။
ဝဋ်ကြွေးအခက်အလက်တွေကို ဖက်တွယ်နေသူဟာ လူတကာဆိုသည့် ဖြစ်ရပ်မှန်ဆိုတာကို နားမလည်ချင်ယောင် ဆောင်ချင်လည်း စူးနစ်မှောင်မိုက်တဲ့ အမှန်တရားက အဖန်ဖန်သတ်ခဲ့ပြီ။

သူက သူ့ချစ်သူကို အရွဲ့တိုက်နေတဲ့အခိုက် ကျွန်မနဲ့ ဆုံခဲ့တာတဲ့လေ။သူတော်ကောင်းတွေ အဆိုအရ ဘယ်တုန်းကမှ မချစ်ခဲ့ပါဘူးတဲ့။ဒါပေမယ့် မောဟနောက် တကောက်ကောက်လိုက်ရင်း ယိမ်းယိုင်မိုက်မဲလွန်းသူဟာ ယနေ့ထက်တိုင် မယုံနိုင်သေး။မယုံချင်သေး။ယုံလိုက်ဖို့ ခံနိုင်ရည် မရှိသေး။

နူးညံ့သိမ်မွေ့သော မျက်ဝန်းများ။
မင်းဟာ သိပ်အံ့သြဖို့ကောင်းတယ် ဘေးဘေ။
ကျွန်မ အမြင်မှန်ရပြီးတာတောင် ဇဝေဇဝါဖြစ်နေဆဲ။
ဒီလိုနဲ့ တံလျှပ်နားမှာ တဝဲလည်လည်။

တကယ်ချစ်ခဲ့တာတဲ့လား။
ကျွန်မ ယုံချင်ပါရဲ့။ ဒါပေမယ့် ဘယ်လို ယုံရမလဲ။ဘယ်မှာလဲ သက်သေတွေ၊အကြောင်းပြချက်တွေ။
သူ့ကောင်မလေးနဲ့ ကျွန်မ မျက်နှာချင်းဆိုင်လိုက်စဉ်မှာ တုန်လှုပ်သွေးပျက်သွားတဲ့ မျက်နှာ။ပြာလို မွဲကြေသွားတဲ့ အကြည့် ။အရာရာကို စိတ်ပျက်ကာ လုံးဝလက်လျော့ လိုက်တဲ့ ဟန်ပန်။

ကျွန်မ ဘယ်လိုနားလည်ပေးရမှာလဲ။
အဲဒါ ဝန်ခံတာလား။ဟန်ဆောင်တာလား။
ဘယ်အရာတွေကို ကိုးကွယ်ရတော့မလဲ။
ဒါဟာ စီရင်သူကံကြမ္မာရဲ့လုပ်ကြံမှုလား။သူပိုင်နိုင်တဲ့ ဇာတ်ညွှန်းရေးအတတ်ရဲ့ ကြိုးဆွဲရာလား။ ဘယ်တုန်းကမှ ဒီလောက် မသိမ်ငယ်ခဲ့ပါ။

သူတို့ရဲ့ဇာတ်နာခန်းအတွက် ရည်ရွယ်ချက်နဲ့ သူရောက်လာတာတဲ့။
သူခင်းတဲ့ စီမံကိန်းအတွက် ကျွန်မရဲ့နှလုံးသားက ကုန်ကြမ်းတဲ့။
သူတို့ကြားမှာ ကျွန်မက မုန်းစရာ မိန်းမကြမ်းကြီးတဲ့။

လူတကာရဲ့ ရယ်မောသံကြားမှာ နှလုံးသွေးတွေ အငွေ့ပျံသွားခဲ့တာ။ဇာတ်ကွက်က ရှေ့တလှမ်းတိုးရင် မီးလောင်ပြင်။ နောက်ကိုဆုတ်ရင် ဖုန်းဆိုးမြေဆိုးလား။ဘာပဲဆိုဆို လမ်းခုလတ်မှာပင် ကျွန်မ သေသွားပြီ။ ကျွန်မ သေခဲ့ပြီ။သေဦးမည်။
ဒါပေမယ့် ကျွန်မ နားတွေကြားနိုင်ပါသေးတယ် ဘေးဘေ။

မင်းရယ်လိုက်ပါ။
မင်းနိုင်တယ် ဆိုပြီး ကြွားဝံ့ပါဦး။
မင်း အောင်ပွဲခံမယ်ဆိုလည်း ရေလိုက်ငါးလိုက်နေလိုက်ဖို့ ကျွန်မ အဆင်သင့် ပြင်ဆင်ထားပါတယ်။
မင်းရဲ့ ချစ်လှစွာသော ကောင်မလေးလက်ကို တွဲပြီး ခေါင်းမော့ပြုံးနေပါ။



စောစောစီးစီး ဗီလိန်သေသွားတဲ့ ဇာတ်လမ်းလေကွယ်။တကယ်ပါ။ကျွန်မရဲ့ ဂုဏ်သိက္ခာတွေ အဖတ်ဆည်နိုင်ပြီလေ။လူမှုရေးရာယဉ်ကျေးမှုနဲ့ မင်းရဲ့ ကြင်နာခဲ့မှုတွေအတွက် ကျေးဇူးတင်ပါတယ်လို့ ပြောစေချင်သေးတာလား။
ဖြစ်ပါတယ်။
လုံခြုံခြင်းမဲ့တဲ့ လောကအလယ်မှာ တစ်ယောက်က တစ်ယောက်ကို ရက်စက်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်နိုင်တဲ့နောက်တော့ ဘယ်အရာက ပိုခက်ဦးတော့မှာလဲကွယ်။

ဒါပေမယ့် အကြွင်းအစလေးပင် မယုံနိုင်သေးတာ ဆိုးရွားလှချည့်။
တစ်ယောက်က တစ်ယောက်ရဲ့ လိုအပ်ချက်မဟုတ်တော့ဘူးတဲ့။
မျက်နှာလွှဲကာ ငိုလိုက်ချင်လည်း မျက်ရည်ခံထိုးသလို ဖြစ်မှာ စိုးရိမ်ကာ ဟက်ကနဲရယ်လိုက်မိပြန်။
ရွံ့ရှာစရာ မျက်နှာကြောပဲနော်။ မင်း မုန်းတယ် မဟုတ်လားကွယ်။
အသေအချာပေါ့။ဘေးဘေ ဘယ်တုန်းကမှ မချစ်ခဲ့တဲ့ မိန်းမပဲလေ။

ခါးသီးလိုက်တာ။
ထပ်မံ စိမ့်ထွက်လာမယ့် မျက်ရည်တွေကို ကြောက်ရွံ့ကာ အံကြိတ်ကာ နှုတ်ခမ်းစေ့ပြုံးနေရပြန်တာ။
ဒါပေမယ့် သူ့အရိပ်လေးကို စွေစောင်းလို့ပင် မကြည့်ရဲ။

အတ္တမာနတွေကို သိပ်သည်းပြင်းထန်လာအောင် မွေးမြူဆဲမှာပင် မြတ်နိုးတွယ်တာစိတ်ဟာ ချိုးနှိမ်ရင်းကပင် ရုတ်သိမ်းမနိုင်အောင် တိုးပွားကြီးထွားလာနေဆဲလေ။ဒါပေမယ့် သူ လှည့်စားခဲ့လည်း အပြစ်လို့ မစွပ်စွဲရက်နိုင်လောက်အောင် ပုံပြင်ကို မြတ်နိုးယုံစားမိသူက ခွင့်လွှတ်အရှုံးပေးနိုင်ခဲ့တာကိုတော့ မသိစေရက်ပြန်။

တော်ပြီလေ။
လွမ်းစရာကို နာစရာနဲ့ ဖြေရသတဲ့။
အသေအချာပါ။ နောက်ကွယ်မှာ သူ သဘောတကျနဲ့ လှောင်ပြောင်သရော်နေမှာပါ။
ဘယ်လိုပင် ကိုယ့်ကိုကိုယ် အယုံသွင်းလဲ သိပ်တော့လည်း မထင်ပြန်။အနည်းအကျည်းတော့
ချစ်ခဲ့မှာပါ။ဒီကမ္ဘာပေါ်မှာ သူ့ကို အချစ်ဆုံးမိန်းမတစ်ယောက်ကို အကြောင်းမဲ့ မမုန်းတန်ရာ။

မိုက်မဲလွန်းသူမို့ အမှန်တရားကို ယုံနိုင်ရန်ခက်ခဲနေဆဲလေ။
တစ်ယောက်ရဲ့ မျက်ရည်ဟာ တစ်ယောက်ရဲ့ အောင်မြင်မှုလို့ ဆိုတဲ့အခါ။
ဒါပေမယ့် ရက်စက်ညှဉ်းပန်းတဲ့ အချိန်တွေကို အံတုနေထိုင်ရင်း ဥာဏ်မမီတဲ့ ပုစ္ဆာမို့ လက်လျှော့လိုက်ပါပြီ။

ဘေးဘေ ပျော်ရွှင်ပါစေ။ရူးနှမ်းသူကျွန်မကတော့ တအုံနွေးနွေးအလွမ်းတွေကို တသသထွေးဖက်ထားဆဲပေမယ့် ဒီဇာတ်ရုပ်အစစ်ကို ဘယ်သူမှ သိစရာမလို။

သဲလွန်စတစ်စုံတစ်ရာနဲ့ လူတကာက မျက်ခြေမပြတ်စောင့်ကြည့်လည်း အပြုံးတုမှာ အသားကျနေပြီမို့ ဘာကိုမှလည်း မမှုချင်တော့။
ဒီလိုနဲ့ ပြီးပါပြီလို့ ရဲရဲဝံ့ဝံ့စာတမ်းထိုးနိုင်တော့မှာ။



ဘယ်လိုလဲ ဘေးဘေ။
မင်းလက်ခံတယ် မဟုတ်လားကွယ်။မင်း မနှစ်လိုတဲ့ မုန်းစရာမိန်းမရယ်ပါ။


( စာလေး မချောရင် အထူးတောင်းပန်ပါတယ်နော်။ ထပ်မံကြိုးစားပါဦးမယ်။)


မေတ္တာများဖြင့်
မယ်ကိုး



စက်ဝန်းတစ်ပတ်




ညီမလေးရေ....


ညီမလေးရေ..
ငါတို့ဟာ.. အရှိန်နဲ့ပြေးထွက်လာတဲ့ ပေါက်ဓါးတွေလို..
တဆတ်ဆတ်တုန်ခါနေပေမယ့်
ပစ်မှတ်ကို အနက်ရှိုင်းဆုံး ထိုးဖေါက်ကြစို့ကွယ့်..။

သောကကို ရယ်မောသံအဖြစ် အသွင်ပြောင်းလို့
နာကျင်ခြင်းတွေကို သီချင်းလုပ်ဆိုကြမယ်..
ကြုံဆုံလာသမျှ အခက်အခဲတွေဟာ.
ငါတို့ နှလုံးသွေးရောင် သင်ခန်းစာတွေပဲ
မိုင်ထောင်ချီဝေးတဲ့ခရီးရဲ့ ပထမဆုံးခြေလှမ်းမှာကိုက..
ဒုက္ခသစ္စာကို.. အံကြိတ်ရွတ်ခဲ့ပြီးမှတော့..
ဒီခရီး... ဝေးဝေးနီးနီးပေါ့ ညီမရယ်..

အချိန်ကာလဆိုတာ..
သိပ်ကိုကျွမ်းကျင်တဲ့ တံမြက်စည်းတစ်ချောင်းတဲ့ ညီမရေ..
မလိုအပ်တာတွေဟာ..
အချိန်ကျရင်.. လှဲကျင်းခံကြရတော့မှာ...
အဲဒီ့မှာ..
ငါတို့ဟာ..
အမှိုက်မဟုတ်တဲ့ ရွှေ ဖြစ်ကြောင်း
လက်ခမောင်းခတ်ပြီး.. သက်သေပြနိုင်ဖို့
ဒါဟာ... မှတ်ကျောက်တင်ခြင်း..အနုပညာတစ်ခုပါပဲ..

ကိုယ့်ပစ်မှတ်ကိုကိုယ် စိတ်ကြိုက်ရွေးချယ်လို့
ငါတို့... ကိုယ့်အသွားကိုယ်သွေးလိုက်ကြစို့ကွယ်..
မွေးနေ့ဆိုတာ..
အာရုံငါးပါးနဲ့ အဆက်အဆံ အခေါ်အပြောများကြောင်း
တစ်နှစ်တစ်ခါချောင်းချောင်းကြည့်ရတဲ့ စင်တင်ပြဇာတ်လောက်ပါပဲ...

ဘ၀မှာ..
နှစ်ခါမသေပါဘူး.. ညီမရေ..
ငါတို့ကူးနေတဲ့မြစ်ရေဟာ..
မနေ့ကထက်တော့ကြည်လင်လို့....
လှမ်း မျှော်ကြည့်လိုက်စမ်း......
အဲသလို... လင်းပလာမယ့် ကောင်းကင်မှာ...
မင်းအမည်နာမနဲ့ ကြယ်စင်တစ်စင်း... ပြုံးနေတယ်..။

အိန္ဒြာ

(၁၃.၁၀.၂၀၀၉)
(အောက်တိုဘာ ညီအစ်မနှစ်ဦးအတွက်.. လက်ဆောင်မွန်)

........................

စည်းအပြင်ကလူ

မျိုးဆက်တစ်ဆက်ဟာ နောက်ခံကားလိပ်လို ကျသွားတယ်
နောက်မျိုးဆက်ဟာ လက်ခုပ်လက်ဝါးတီးလို့

မင်းသိခဲ့တဲ့တစ်သက်လုံး
အမှောင်တွေချောင်တွေထဲမှာ ပုန်းအောင်းခဲ့တာ
အခုတော့ ဂရုပြုခံရပြီပေါ့
အမှောင်ထဲမှာ စမ်းတ၀ါးဝါး၊ အဲတာမို့ အလင်းရောင်
ဘ၀တစ်ဝက်စာကို သွန်ထုတ်ပစ်လိုက်ပြီး
ကြိုးကြာတေးနဲ့ ဖြည့်လိုက်တယ်။

တစ်ယောက်ယောက်ဟာ နာမကျန်းမှုတဲ ကူးခတ်နေတယ်
ဆောင်းဦးရာသီဟာ လာရောက်စစ်ဆေးနေဆဲမှာပေါ့
တိရိစ္ဆာန်ငယ်လေးတွေရဲ့ စိတ်နေစိတ်ထားတွေ
လမ်းဟာ အိပ်စက်ခြင်းနဲ့ တွဲသွားတယ်
မင်းကို အနိုင်ယူသွားတဲ့၊ တောက်ပတဲ့အလင်းထဲမှာ
မင်း မားမားမတ်မတ်ရပ်တည်လို့
အမည်မသိစည်းရိုးနားဘေးမှာ။ ။

( OUTSIDER from Landscape over Zero)
Bei Dao
မယ့်မွေးနေ့အတွက် ကဗျာကော်ပီ (ဆရာ ဇေယျာလင်း စာအုပ်ထဲက ကူးထားတာ)

ထာဝရ ပျော်ရွှင် ချမ်းမြေ့ပါစေ။

မိုးကုတ်သား

........................


မမ အိန္ဒြာနဲ့ အစ်ကို မိုးကုတ်သားကျေးဇူးနဲ့ မနက်က သေကံမရောက်ခဲ့တာလို့ လွန်လွန်ကျူးကျူးပြောချင်မိတာ။
သွေးလှူပြီးတော့အပြန် ဘုန်းကြီးကျောင်းအသွား မျက်စိထဲ ဘာမှမမြင်တော့။ခေါင်းထဲလည်း မူးနောက်ပြီး ဘာမှ မမြင်တော့ဘူး။ ချွေးတွေလည်း ထွက်လာ တစ်ကိုယ်လုံးလည်း အေးစက်သွားလို့ သေခါနီး ဇောချွေးပြန်တယ် ဒါမျိုးပဲလားလို့တောင် စဉ်းစားမိခဲ့။
ဒါပေမယ့် စိတ်ကို တင်းထားရင်း လေဟာနယ်ထဲ လွင့်နေတဲ့ စိတ်ကို အတင်းပြန်စုခေါ်ဆဲ မမအိန္ဒြာက စလုံးအမျိုးသမီးပေးသွားတဲ့ ချိုချဉ်ကို ပါးစပ်ထဲထည့်ပေးပါတယ်။

အချိုဓာတ်မြန်မြန်ယူလိုစိတ်နဲ့ ချိုချဉ်ကို ကိုက်လိုက်တာ။
ပါးရိုးတစ်လျှောက်လုံးနာကျင်လို့ ဆက် မဝါးရဲတော့ဘူး။ သွားဖုံးတွေလည်း နာ။နားတွေ လည်း အူပြီး ကိုက်လာ။
တော်တော်လေးကြာမှ သွေးလည်ပတ်မှုပုံမှန်ဖြစ်သွားတယ် ထင်ပါရဲ့….

မွေးနေ့အလှူကို ဘယ်သူမှ မဖိတ်ပါဘူးလို့ ပြောခဲ့ပေမယ့် စေတနာမေတ္တာနဲ့ တကူးတကလာ ပေးတဲ့ မမ အိန္ဒြာနဲ့ အစ်ကိုမိုးကုတ်သားကို ဘယ်လို ကျေးဇူးတင်ရမှန်း မသိတော့ပါဘူး။


ညနေခင်းမှာတော့ သူငယ်ချင်းမလေးပေးတဲ့ မွေးနေ့ကိတ်ကလေးနဲ့ ငိုရမလို ရယ်ရမလို စိတ်
ဒဏ်ရာထလာပြန်ပါတယ်။
Happy birthday လို့ သီဆိုပေးမယ့်သူ မရှိပါဘဲ ကိုယ့်ဘာသာကိုယ် ဖယောင်းတိုင်ထွန်း မီးမှုတ်ကာ ဆုတောင်းရမှာလား။
ကြေကွဲစရာကောင်းလွန်းရဲ့။
ဘုရားဆွမ်းတော်ကပ်လိုက်တာပဲ ကောင်းပါတယ်လို့ တွေးမိပေမယ့် သံယောဇဉ်တင်းကာ ဆုံးဖြတ်ချက် ကျမလာခဲ့။
ခက်လှချည့်။
ဒါပေမယ့် ဒီကိတ်မုန့်ကို ဘယ်လိုအင်အားနဲ့ မီးထွှန်းပြီး ဆုတောင်းရမှာလဲ။
မငိုချင်ပါဘူး။
ဒီလိုနဲ့ မမအိန္ဒြာနဲ့ အစ်ကိုမိုးကုတ်သား မွေးနေ့လက်ဆောင်ပေးထားတဲ့ ကဗျာလေးတွေကို အခါခါပြန်ဖတ်နေမိပြန်။

မယ်ရဲ့  M


What is your name : Mae Coe

A four Letter Word : Mind

A boy's Name : Mizushima Hiro ( သူမိန်းမ ယူသွားတုန်းက အသဲကွဲတဲ့စာလေးတောင် ရေးထားသေးတယ် :P )

A girl's Name : May

An occupation : Moneylender ( အတိုးလည်း မရသလို ချေးထားတဲ့ ပိုက်ဆံလည်း ပြန်မရတတ်ပါဘူးး)

A color :Maya Blue ( အရောင်ရဲ့ code က #73C2FB ပါ)

Something you'll wear : Mesh Dress ( သိပ်လန့်မသွားပါနဲ့ :P ဒီပုံလေးကိုကြည့်ပါ ချစ်စရာလေးနော့ … ကောင်မလေးက မယ်ကိုးမဟုတ်ဘူးနော် =)



Something found in the bathroom : Mouthwash

A place : Myint Mo ( မြင်းမိုရ် ..စာလုံးပေါင်းမှားနေတာ သေချာလို့ မြန်မာလိုပါ ရေးမိပါတယ် =)

A reason for being late : muzzy

Something you'd shout : My God!!! ( မြန်မာလို ဘုရားရေ လို့ ရွတ်တတ်တာပါ )

A movie title :My Neighbour Totoro (Miyazaki Hayao ရဲ့ anime တွေ အကုန်ကြိုက်ပါတယ်။)

Something you drink : Mote lat Saung ( မုန့်လက်ဆောင်း)

A musical group : M2M

An animal : Mynah

A street name : Mahorthadar ( မဟောသဓာလမ်း)

The title of a song : Missing You by Tyler Hilton

A verb : magnetized

(tag post ထဲမှာ အခက်ဆုံးပဲ ထင်ပါရဲ့။ စာလုံးတွေ ရှာလိုက်ရလို့။ သတိတရ တဂ်ပေးတဲ့ ချစ်မမ မနော်ဟရီကြောင့် စာလုံးအသစ်တွေ သိသွားတဲ့အတွက် အထူးကျေးဇူးတင်မိပါတယ် =)

စိတ်နဲ့မမီနိုင်သောအရပ်အား ဖွင့်ဆိုခြင်း


နှစ်ခုသော စိတ်ကလေး

မချိတ်ဆက်မိတဲ့အခါ
စိတ်ကိုစိတ်ကခြားနေတယ် တဲ့လား။

ဟင့်အင်း။
မယုံဘူး။
လက်မခံနိုင်ဘူး။

ဘာတွေက တားနေခဲ့တာလဲ...
မရဏဗုံသံတွေ မြည်ဟည်းလို့ သူ မကြားခဲ့တာလား...

ကမ္ဘာအထပ်ထပ်ခြားပြီးသားမို့
တရားနဲ့ ဖြေချင်ပေမယ့်......................

နားမစွင့်တော့တဲ့ ချစ်ရသူလေး ... ချစ်ရသူလေးရေ...

ရင်ကွဲအောင် အော်ခေါ်မိလည်း ...
ထူးသံလေး မကြားရဘူးပဲ။

အသေအချာပေါ့
စိတ်နဲ့မမီနိုင်သောအရပ် မှာ
စိတ်က စိတ်ကို အခါခါသတ်တယ်။...။

မမ မနော်ဟရီရဲ့
စိတ်နဲ့မမီနိုင်သောအရပ် ကဗျာလေးကို ဖတ်ပြီး သူများတွေရေးထားတာ အားကျလို့ ရေးမိတဲ့ ကဗျာလေးပါ။ တင်္ခကုပ္ပတိဥာဏ်လား မသိ။ အဲဒီလိုလျှင်မြန်တဲ့ဥာဏ်မရှိပဲ ကိုယ့်အရှက်ကိုယ်ခွဲကာ ရေးမိတဲ့ ကဗျာလေးပေါ့ ။ :P

အမှတ်တရ တနင်္ဂနွေ


( 19 July 2009)

ဘယ်တနင်္ဂနွေမှ အပြင်မထွက်တတ်သူအတွက် ဒီတနင်္ဂနွေဟာ အမှတ်တရ။

မမလှလှအိန္ဒြာ နဲ့ တွေ့ ရသလို အစ်ကိုမိုးကုတ်သား၊ ကိုရင်နော်၊ကိုလင်းဒီပနဲ့ ကိုဇက် ( Zephyr ) တို့ နဲ့ ပါ ဆုံဖြစ်တဲ့ နေ့ ။မခင်လေးနဲ့ လည်း စတင်စကားပြော ရင်းနှီးတဲ့နေ့ ။

အိတ်ကို စစ်လိုက်တော့ ဖုန်းအခွံတွေ့ လို့  ဖုန်း ရှိတယ်ထယ်ပြီး လမ်းတစ်ဝက်ရောက်မှ
ကျန်ခဲ့မှန်းသိလို့ အိမ်ကိုပြန်ပြေးပြီး ဖုန်းယူရလို့  ပင်ပန်းလွန်းတဲ့နေ့ ။ ဖုန်းတစ်လုံးဟာ တော်တော်အရေးကြီးပါလားလို့  အဲဒီနေ့ မှ စွဲစွဲထင်ထင်ဖြစ်မိတဲ့နေ လေ....

မမအိန္ဒြာ က လှပချစ်စဖွယ် ခင်ဖို့ ကောင်းတယ်။ အစ်ကိုမိုးကုတ်သားက သူများတွေကို ဂရုစိုက်တတ်တယ်။ ကိုရင်နော်က သူတပါးတွေကို အလေးထားတတ်ပြီး သဘောကောင်းတယ်။ ကိုလင်းဒီပက ရှက်တတ်စကားနည်းပုံရပြီး ကိုဇက်ကတော့ စကားပြောကောင်းတယ်။ ကိုယ်ကတော့ ရင်ထဲရှိတာ ရှေ့ မကြည့်နောက်ကြည့်ပြောပြီး သူများတွေကို စိတ်ဆင်းရဲအောင် လုပ်ခဲ့လေတာ ။

က
ိုရင်နော့်အသံကို မဝေခွဲတတ်တာနဲ့  ပက်သက်ပြီး
“ဟုတ်တယ် .. ကိုရင်နော်အသံက အပြင်ကနဲ့ မတူဘူးနော် အဲဒီထဲမှာ အဘိုးကြီးသံ ”လို့  ပြောလိုက်မိတော့... ပထမဆုံး နံပါတ်တစ် အခန့် မှန်းခံရတဲ့ အစ်ကိုမိုးကုတ်သားခမျာ လူကြီးရှက်ရုံမက စိတ်ဆိုးသွားလို့ ထင်ပါရဲ့  အကြီးအကျယ်ရယ်တော့တာ။

သူများတွေလည်း တစ်ယောက်တစ်ပေါက်နဲ့  ရယ်မောထိုးနှက်ကျတာပေါ့။အဲဒီတုန်းကတော့ အသံကို ဘာမှ ထည့် မတွက်ဘဲ ရင်းနှီးသူမို့  အရင်ဆုံးရေးလိုက်မိတာပါ။ နောက်ပိုင်း စကားကို ဘယ်လို ပြန်ပြောလည်း မရတော့ဘူးပဲ။

ဒါပေမယ့် အစ်ကိုမိုးကုတ်သားက သူတပါးခံစားချက်ကို အလေးထားတတ်သူမို့  g-talk မှာ ကိုယ်ပေးတဲ့ အရုပ်ကလေးကို ဓာတ်ပုံရိုက်ကာ ညီမလေးပေးတဲ့ လက်ဆောင်ဆိုပြီး တင်ထားတယ်လေ။

ပျော်စရာ။


ဒါပေမယ့် ဒီနေ့ ဟာ နာမည်လည်း နည်းနည်းပျက်သွားတာ။
ယောက်ျားလေးတွေ စားတာက ရှမ်းထမင်းချဉ်နည်းနည်းလေး ...ဒါတောင် ကုန်အောင်မစားကြ။

ကိုယ်ကတော့ ထမင်းလည်း အကုန်စားတယ်။ကိုရင်နော်က သူ့ ဝေစုထဲက ခွဲ ထည့်ပေးတဲ့ ရှမ်းထမင်းချဉ် တစ်လုပ်စာလည်း စားလိုက်သေးတယ်... မ
မအိန္ဒြာရဲ့ ဟင်းတွေထဲက မှိုနဲ့  ကြက်သားချက်မှာ မှိုတွေကျန်နေလို့ လည်း ယူစားလိုက်သေးတယ်။ :P

စားနေတုန်းကတော့ ရှက်စရာလို့ မထင်ပေါင်... “ မယ် အစားကြီးတယ်နော်။ အစ
ားကြီးတယ်လို့  ထည့်မရေးနဲ ”့ လို့  ပြောပြီးတော့ကို စားတာ။

စားလည်းပြီးရော ကိုဇက်က နောက်ဆို
ထဲမှာ မောင်ရယ် ဘာညာပြောပြီး မစားနိုင် မအိပ်နိုင်ဘူးလို့ ရေးရင် မဟုတ်မှန်း သိပြီတဲ့။ :D

အဲဒီဇာတ်ကောင်ကြောင့် အနေကျုံ့ နေတာ သိသွားတော့ ကောင်းတာပေါ့နော်။ ဒါပေမယ့် စာပေမောင်နှမတွေကြားမှာ ထိန်းထားတဲ့ကြားက မရင့်မကျက်စရိုက်တွေ ပေါ်သွားတာတော့ မကောင်းဘူးဘဲ။

အစ်ကိုမိုးကုတ်သားက စာဖတ်နေတဲ့ ပုံကို ဓာတ်ပုံရိုက်ထားတယ်လေ။မဖျက်နဲ့ လို့ အားလုံးဝိုင်းပြောတဲ့ကြားက ကိုရင်နော်လည်း တားနေတဲ့ကြားက ကိုယ့်ရဲ့ ရုပ်ဆိုးဆိုးပုံကို မကြည့်ချင်လို့  ဖျက်ပစ်လိုက်မိရဲ့  ။

သိပ်ကလေးဆန်သွားပြီလို့ တွေးလိုက်မိလည်း မကြိုက်နိုင်လွန်းတော့လည်း....

ဘာပဲဖြစ်ဖြစ် ကိုယ်လေးစားတဲ့ စာရေးသူတွေနဲ့ 
ပထမဆုံးအကြိမ်တွေ့ ဆုံရတာ ပျော်ရွှင်ကြည်နူးစရာကောင်းလိုက်တာ။


အံစာတုံးကစားခြင်း

ကောင်းကင်ကြီး ကြည့်လည်း မည်းနေတာပဲ မြင်တယ်။
ဘေးပတ်ဝန်းကျင်ငေးလည်း မှောင်နေတာပဲ သိတယ်။
စိတ်ညစ်တယ်။

ဘာဖြစ်လို့ အမှတ်နည်းရတာလဲ။
ဘယ်သူ့ ကို အပြစ်ဖို့ ရမှာလဲ။

အစတုန်းက တော့ စာရွက်တစ်ရွက်နဲ့ 3D လုပ်တဲ့။
ဘာစည်းကမ်းမှ သတ်မှတ်ချက်မပေးဘူး ။
အမှတ်ပေးတော့မှ ဟိုစည်းမျဉ်း ၊ ဒီစည်းမျဉ်းနဲ့ လာညှိ။ harmony တဲ့ balance တဲ့။

လုပ်ထားတဲ့ ပုံက အပေါက်ဖောက် နံရံခြားတဲ့ sculpture.
အဲဒီတော့ အမှတ်က B တဲ့...

ဆရာ့ ကို နည်းနည်းလေးမှ မကျေနပ်ဘူး...
ဆရာလည်း သိတဲပုံပဲ ...သူ့ ကို ဘေကြည့်ကြည့်ရင် မသိချင်ယောင်ဆောင်နေတယ်။

နောက်တစ်ခုကတော့ A ရပါရဲ့ ... group နဲ့ လုပ်တဲ့ အမှတ်အများဆုံးပေးတဲ့ အရာတော့ B+ ပဲ ရတယ်။
အလွန်တရာခေါင်းမာ တကိုယ်ကောင်းဆန်ပြီး ဘာမှ မသိတဲ့ မြန်မာနှစ်ယောက်ရယ်။ အလုပ်မလုပ်တဲ့ စလုံးနှစ်ယောက်ရယ် ပေါင်းပြီး ဒီလောက်ထွက်လာတော့လည်း ရင်နာလို့ မဆုံး။

တကယ်တော့ ကိုယ့်လိုအပ်ချက်တွေပါပဲ ...သူတို့ ကိုပြောရတာ လက်ပေါက်ကပ်လွန်း ဒေါသထွက်စရာကောင်းလွန်းလို့  စိတ်ပျက်လက်ပျက် လက်လျှော့လိုက်တာ။

အခုတော့ ငိုချင်တယ်။

အတိတ်ကံ ....အတိတ်ကံ ဒါပဲ လက်ညိုးထိုးနေရတာ မတော်မှန်းသိလည်း .... ကိုယ့်ကိုကိုယ် အထင်ကြီးမိတော့ နာကျင်လွန်းလှရဲ့ ။
အခုတော့ အမြင့်က ပြုတ်ကျပြီလေ။
သေလုမျောပါး။
အမည်းတွေ အဆက်မပြတ်စီးနေတဲ့ လေထုထဲမှာ မလှုပ်မယှက်။

“ L”

L အကြောင်းကို ဘယ်သူ့ ကမှ မပြောကြပေမယ့် ဘာရယ်မဟုတ် ကြည့်ချင်ရင် youtube ကို သွားမကြည့်ရအောင်လို့ ...
ဘယ်သူကမှ မကြည့်ချင်ပါဘူးဆိုလည်း ....ရှက်ရှက်နဲ့  ကိုယ်တိုင်ကြည့်ဖို့ လို့  ပြောရတော့မလားရယ်...



credit:wugenglin09

“တစ်ယောက်သော ကြွေးရှင်နှင့် တွေ့ ဆုံခြင်း”


ကျွန်မရဲ့  ကြွေးရှုင်တွေက ကမ္ဘာအနှံ့ ပဲ ထင်ရဲ့ ။
မအူမလည်မို့  ကိုယ်ကပဲခံရတာကို သည်းခံနိုင်စွမ်းတွေပဲ ပြည့်ဝနေသလိုလိုနဲ့  အမြဲသုံးတဲ့စကားက
“သူ့ ကြွေးရှိက ဆပ်ရလိမ့်မယ်”တဲ့။
အခုလည်း ခံရပြန်ပြီ။
အိမ်စငှားတုန်းက ဘာမှ မပြောပဲနဲ့  အခုမှ စပြောတာက ကွန်ပျူတာက ၂ နာရီပဲ သုံးရမယ်တဲ့။ထပ်သုံးမယ်ဆို ပိုက်ဆံပိုပေးပါတဲ့။
ကောင်းပြီပေါ့ ပေးလိုက်ပြီ။ဒါဟာ ပြဿနာမဟုတ်ပါလေ..အဓိက က အင်တာနက်မရှိတာ။ ကိုယ့်ဘာသာကိုယ် လိုင်းလျှောက်ဦးတဲ့...
ဒီမှာ လူကို ဘာထင်နေသလဲလို ပြောချင်မိရဲ့ ။
ကျောင်းနဲ့  နီးတဲ့နေရာမို့  ပြောင်းလာ…ရောက်လာတော့ အခန်းထဲမှာ တစ်ယောက်ပိုထည့်ထားတာ။
“သူ့ ကျွေးရှိက ဆပ်ရလိမ့်မယ်”လို့  ဆိုကာ ခါတိုင်းလို စိတ်မနွဲ့ နိုင်တော့။
အစ်မက အခုချက်ချင်းပြောင်း …သုံးရက်တွင်း အခန်းရှာပေးမယ် ပြောလေတာ။
နောက်ဆုံးတော့ “ ညီမလည်း ဘာလုပ်ရမှန်း မသိပါဘူး မရယ်…နောက်လအခန်းပြောင်းရင် ကောင်းမယ်ထင်တယ်နော်”လို့  စကားရဲဆိုရလေပြီ။
အဲဒီတော့ အနည်းဆုံး နှစ်လနေရမယ်တဲ့။
အသည်းကွဲရင် ကဗျာဆရာဖြစ်လာသတဲ့။
ခုတော့ အသက်ရှုတွေ ကျပ်ကာ ကဗျာရိပ်ကို ဘယ်လို ခိုရပါ့။
“သူ့ ကျွေးရှိက ဆပ်ရလိမ့်မယ်”တဲ့လား။
အဲဒီ အတိတ်ဆိုတာကြီးကို ပြေးတွေ့ ကာ ခေါင်းခေါက်ပစ်လိုက်ချင်။
အဲဒါမှ သူ့ ရဲ့ အသိဥာဏ်တွေ ထုံထိုင်းကာ ကျွန်မကို ကြွေးမဆပ်ခိုင်းတော့မှာ...

သတိရတတ်တယ်



လှုတ်ခတ်နေတဲ့ မုန်တိုင်းကို ဖွင့်ချမှ နေသာတော့မှာမို့  ရင်ထဲရှိတာလေး နည်းနည်းလောက် ပြောချင်မိတာ။
ဧပရယ်လ် ၁၃ ရက်။ဧပရယ်လ် ၁၃ ရက်။
ရက်စွဲလေး နီးလာတိုင်း အတွေးတွေ နှိပ်စက်ကာ လူကလည်း မငြိမ်သက်။ ပန်းပိတောက်လို့ တွေးထင်ကြမယ့်သူတွေကို မှားနေလို့ အားနာ။
တကယ်က mizushima hiro ရဲ့  မွေးနေ့ ။နှစ်ဆယ့်ငါးနှစ်ပြည့်။ အရင်တုန်းက ဧပရယ်လ်ဆို အမှတ်တရ ဖြစ်နေတဲ့ ရက်စွဲသုံးခု ရှိတယ်။ သင်္ကြန်ရယ်…စိုင်းစိုင်းမွေးနေ့ ရယ်။ mizushima hiro ရဲ့  မွေးနေ့  ရယ်။ အခုတော့ စိုင်းစိုင်းမွေးနေ့ က ၁၀ ရက် လား ၁၁ လား ၁၂ လား မသေချာပေမယ့် ။ သူ့ မွေးနေ့ တော့ မမေ့ဘူးတကယ်။
ဒါပေမယ့် ကျွန်မအသည်းကို ခွဲကာ မွေးနေ့ မှာ သူလက်ထပ်သွားတော့မှာ။ ရက်စက်ရဲ့ နော်လို့  ဘယ်လိုလုပ်ပြောထွက်မှာလဲနော်။ သူ့ ချစ်သူလေးက ရောဂါသည်လေးမို့ ရယ်။ ပုံပြင်လေးတွေထဲက အတိုင်းမို့  ကြည်နူးစရာလေးပါလေ။
သူမထင်မရှားနေရာက စတင်သရုပ်ဆောင်စဉ်ထဲက အားပေးခဲ့သူမို့  သူ့ ကျော်ကြားမှုတွေ လျော့သွားမှာ စိုးကာ ရင်နာလွန်းပေမယ့် စိတ်မနာပါဘူး တကယ်။
ချစ်နိုင်ကြပါစေနော်။ပျော်ရွှင်ကြပါစေ။ရာသက်လုံး အလွမ်းမရှိ ပေါင်းဖက်ပါလေ။
ဂျပန်မှာ နံပါတ်(၁) နေရာကို ရောက်ကာမှ လက်ထပ်ဖို့  ဆုံးဖြတ်လိုက်တဲ့သူ့ ကို ပိုလို့ လေးစားကာ မွေးနေ့ဆုတောင်းဘယ်လိုကောင်းကောင်းတောင်းရမလဲလို့  စဉ်းစားနေပါတယ်။
နှစ်ကူးကို နှာခေါင်းနဲ့ ကြိုတယ်ပေါ့လို့  အမနာပ ဆိုသူများကိုလည်း စိတ်မရှိပါဘူးရယ်။
့ ဒီစာလေးတစ်စဟာ သူ့ ကိုတစ်စုံတစ်ယောက်အမှတ်ထင်ထင်ဖြစ်သွားရုံနဲ့ တင် လုံလောက်ကျေနပ်နေပါပြီ။
နောင်တစ်ချိန်မှာ ဒီစာလေးပြန်ဖတ်ကာ ရယ်မိမှာအမှန်ပေမယ့် ခုနေတော့သတိရတတ်တယ်။

တေလေ

တစ်ခါတစ်လေတော့လည်း ပြုံးရယ်ဖို့  အင်အားခြောက်သွေ့ ။
ပကတိစူပုတ်နေမယ်။
တရံတခါတော့ ဘယ်သူ့ ကိုမှလည်း အားမနာချင်။ကလေးတစ်ယောက်ပင် တအံ့တသြငေးကြည့်...
give me a break.....o.k?

နှစ်ဦးခွန်းဆက်


နှစ်သစ်မှာ တကိုယ်တော်နှုတ်ခွန်းဆက်စကားက “လောကမှာ ငါမရှိလည်း ဖြစ်တယ်...” တဲ့။
ကျွန်မအတွက်တော့ ဘ၀ဆိုတာ ပျား၇ည်နဲ့  ပေါင်းခံထားတာသာ...
၇နံ့ မွေးကာ ၇သာချိုနိုင်ပေမယ့် မွန်းကျပ်၇င်း သေဆုံး...
အညတ၇ကို ခါးသီးလို့  ကိုယ့်ကိုကိုယ် သေကြောင်းကြံ၇မလား...
နောက်နှစ်မှာ စဉ်းစားမယ်။ ။
 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates